အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။
ဆာလံ 94:11 - မြန်မာ့စံမီသမ္မာကျမ်း လူ၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏။ Common Language Bible ထိုသူတို့၏အကြံအစည်များကို ထာဝရဘုရားသိတော်မူ၏။ သူတို့စဉ်းစားဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကိုယ်တော်သိတော် မူ၏။ Garrad Bible လူ တို့ အ ကြံ အ စည် များ သည် အ ချည်း အ နှီး ဖြစ် ကြောင်း၊ ထာ ဝ ရ ဘု ရား သိ မြင် တော် မူ၏။ Judson Bible လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏။ |
အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏။
ထာဝရဘုရားက “သူတို့ပြုသောအမှုများ၊ အကြံအစည်များကို ငါသိ၏။ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးတို့ကို စုစည်းမည့်အချိန်ရောက်လာမည်။ သူတို့သည်လာ၍ ငါ၏ဘုန်းအသရေကိုမြင်ရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။
တစ်ဖန် “ပညာရှိတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏”ဟု ရေးထား၏။