အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ဆာလံ 91:16 - မြန်မာ့စံမီသမ္မာကျမ်း ရှည်သောအသက်ဖြင့် သူ့ကိုပြည့်စုံကြွယ်ဝစေ၍ ငါ၏ကယ်တင်ခြင်းကို သူ့အားပြမည်။” Common Language Bible သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။ Garrad Bible တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ Judson Bible ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။ |
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြွယ်ဝစေတော်မူလိမ့်မည်။ နှစ်လိုဖွယ်ကောင်းသောအရာသည် ကိုယ်တော်၏လက်ယာဘက်၌ အစဉ်ရှိပါ၏။
သူသည် ကိုယ်တော့်ထံမှ အသက်ရှင်ခြင်းကိုတောင်းလျှောက်ရာ ကိုယ်တော်သည် ကာလအစဉ်အသက်တာရှည်ခြင်းကို သူ့အားပေးတော်မူ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
စိတ်နှိမ့်ချခြင်းနှင့် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကား ဓနဥစ္စာ၊ ဂုဏ်သရေနှင့် အသက်ရှင်ခြင်းဖြစ်၏။
အကြောင်းမူကား ၎င်းတို့သည် အသက်ရှည်ခြင်း၊ အသက်တာ၏နှစ်ကာလနှင့် ငြိမ်းချမ်းမှုကို သင်၌ ထပ်ဖြည့်ပေးလိမ့်မည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
အကြောင်းမူကား လူမျိုးခြားတို့အတွက်ပေါ်ထွန်းသောအလင်းကိုလည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးအတွက်ဘုန်းအသရေဖြစ်သော လူအပေါင်းတို့ရှေ့၌ပြင်ဆင်ထားသည့် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း အကျွန်ုပ်၏မျက်စိဖြင့် မြင်ရပါပြီ”ဟု ဆိုလေ၏။
ထိုအခါ လူသားအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်”ဟု ပရောဖက်ဟေရှာယဟောပြောထားသောကျမ်းတွင်ရေးထားသည့်အတိုင်းဖြစ်၏။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။