နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ကိုပြည့်စုံကြွယ်ဝစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အသက်တာတစ်လျှောက်လုံး ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ရပါလိမ့်မည်။
ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
တစ် သက် ပတ် လုံး ရွှင် လန်း၍ ကြွေး ကြော် ခွင့် ရ ကြ စေ ရန်၊ နံ နက် အ ချိန် တင်း တိမ် ဖွယ် က ရု ဏာ တော် ကို သ နား တော် မူ ပါ။
အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို အကျွန်ုပ်အားကြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သွားရမည့်လမ်းကို အကျွန်ုပ်အား သိစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။
အကယ်စင်စစ် အကျွန်ုပ်အသက်ရှင်သမျှကာလပတ်လုံး ကောင်းမြတ်တော်မူခြင်းနှင့်မေတ္တာကရုဏာတော်သည် အကျွန်ုပ်နှင့်အတူလိုက်ပါလာလိမ့်မည်။ အကျွန်ုပ်သည်လည်း ထာဝရဘုရား၏အိမ်တော်၌ အစဉ်အမြဲနေရပါလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်၌ ရွှင်လန်း၍ဝမ်းမြောက်ပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုမြင်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏ဆင်းရဲဒုက္ခကို သိတော်မူပြီ။
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
ကိုယ်တော့်အစေအပါး၏စိတ်ဝိညာဉ်ကို ဝမ်းမြောက်စေတော်မူပါ။ အကြောင်းမူကား အို ဘုရားရှင်၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။
မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။
သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။