ဆာလံ 31:7 - မြန်မာ့စံမီသမ္မာကျမ်း7 အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်၌ ရွှင်လန်း၍ဝမ်းမြောက်ပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုမြင်၍ အကျွန်ုပ်စိတ်ဝိညာဉ်၏ဆင်းရဲဒုက္ခကို သိတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible7 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်ရွှင်လန်းပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဝေဒနာကို မြင်တော်မူပါ၏။ ကျွန်တော်မျိုး၏ဒုက္ခကိုသိတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 က ရု ဏာ တော် ကြောင့်၊ ဝမ်း မြောက် ရွှင် လန်း ပါ မည်။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ဆင်း ရဲ ခြင်း ကို ရှု မြင် လျက်၊ အ သက် ဒု က္ခ များ ကို သိ မှတ် တော် မူ ၍၊ အခန်းကိုကြည့်ပါ။Judson Bible7 ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍၊ အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကို သိမှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။