သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ဆာလံ 9:7 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။ Common Language Bible သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။ Garrad Bible ထာ ဝ ရ ဘု ရား မူ ကား၊ ကာ လ အ စဉ် စံ နေ၍၊ တ ရား ပ လ္လင် တော် ကို ပြင် ဆင် တော် မူ သည့် အ လျောက်၊ Judson Bible ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက်တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊ |
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
တောင်များမဖြစ်ပေါ်မီ၊ မြေကြီးနှင့်ကမ္ဘာလောကကို ကိုယ်တော်ဖြစ်ပွားစေတော်မမူမီ ထာဝရကာလမှ ထာဝရကာလတိုင်အောင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
သို့သော် ချစ်ရသောသူတို့၊ ထာဝရဘုရားအတွက် နေ့ရက်တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့လည်းကောင်း၊ အနှစ်တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ဟူသောအချက်တစ်ခုကို မမေ့လျော့ကြနှင့်။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။