Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 9:7 - Common Language Bible

7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​မူ​ကား​ထာ​ဝ​ရ ဘု​ရင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ရား​စီ​ရင်​ရန်​ပလ္လင်​တော်​ကို တည်​တော်​မူ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထာ ဝ ရ ဘု ရား မူ ကား၊ ကာ လ အ စဉ် စံ နေ၍၊ တ ရား ပ လ္လင် တော် ကို ပြင် ဆင် တော် မူ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ၏။ တ​ရား​ပ​လ္လင်​တော်​ကို ပြင်​ဆင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထာဝရဘုရား​မူကား အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။ ကိုယ်တော်​သည် တရားစီရင်ခြင်း​အတွက် မိမိ​ပလ္လင်​တော်​ကို​တည်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 9:7
10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။


ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​တွင်​မေတ္တာ​တော်​နှင့်​သစ္စာ​တော် ပေါ်​လွင်​ထင်​ရှား​ပါ​၏။


တောင်​များ​ကို​ဖြစ်​ပေါ်​စေ​တော်​မ​မူ​မီ​နှင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ ကိုယ်​တော်​ရှင်​သည်​အ​စ​မ​ရှိ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ အ​ဆုံး​မ​ရှိ​သော​ဘု​ရား​သ​ခင်​လည်း​ဖြစ်​တော် မူ​ပါ​၏။


ယေ​ရှု​ခ​ရစ်​သည်​မ​နေ့၊ ယ​နေ့၊ နောင်​ကာ​လ အ​စဉ်​အ​မြဲ​မ​ပြောင်း​မ​လဲ​နေ​တော်​မူ​၏။-


သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-


ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ