ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ဆာလံ 9:13 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ အို ထာဝရဘုရား ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။ Garrad Bible သေ ခြင်း တံ ခါး များ မှ၊ အ ကျွန်ုပ် ကို ချီ ကြွ တော် မူ သော အို ထာ ဝ ရ ဘု ရား၊ သ နား တော် မူ ၍၊ မုန်း ထား သူ တို့ ကြောင့် ခံ ရ သော ဒု က္ခ ကို ရှု မြင် တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ |
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ထို့နောက် ထာဝရဘုရားက ကာဣနအား “သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူလျှင် ကာဣနက “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရှောက်သူဖြစ်ပါသလော”ဟု ပြန်လျှောက်လေ၏။
သူ့အား ထာဝရဘုရားက ‘သင်သည် လူကိုသတ်သည်သာမက သူ့ဥစ္စာကိုပါ သိမ်းယူပါပြီတကား’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့။ ထို့ပြင် သူ့အား ထာဝရဘုရားက ‘နာဗုတ်၏သွေးကို ခွေးတို့လျက်သောနေရာတွင် သင့်သွေးကိုလည်း လျက်လိမ့်မည်’ဟူ၍ မိန့်တော်မူပြီဟု ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
‘အကယ်စင်စစ် နာဗုတ်နှင့် သူ့သားတို့ အသတ်ခံခဲ့ရသည်ကို မနေ့က ငါမြင်ပြီ။ ဤမြေကွက်ပေါ်တွင်ပင် သင့်ကို ငါပြန်ပေးဆပ်စေမည်’ဟု ထာဝရဘုရား ကြွေးကြော်ထားပြီ။ ထို့ကြောင့် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူ့ကို မ၍ ဤမြေကွက်တွင် ပစ်ချပါ”ဟု ဆို၏။
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
အို ထာဝရဘုရား၊ ထတော်မူပါ။ အို ဘုရားသခင်၊ လက်တော်ကိုမြှောက်တော်မူပါ။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။
သူတို့၏စိတ်ဝိညာဉ်သည် အစားအစာမှန်သမျှကို စက်ဆုပ်ရွံရှာ၍ သေခြင်း၏တံခါးဝအနီးသို့ ရောက်ကြ၏။
ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့အတွက် ပြုလေ့ရှိသည့်အတိုင်း အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။
ထာဝရဘုရား၏မိန့်တော်မူချက်တို့သည် စင်ကြယ်သောမိန့်တော်မူချက်များဖြစ်ကြပြီး မြေနှင့်လုပ်ထားသည့်မီးပြင်းဖို၌ချွတ်၍ ခုနစ်ကြိမ်တိုင်တိုင်သန့်စင်ထားသော ငွေကဲ့သို့ဖြစ်ကြ၏။
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကြည့်ရှုဆင်ခြင်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်၏မျက်စိကိုအလင်းပေးတော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သည် သေခြင်း၌အိပ်ပျော်ရပါလိမ့်မည်။
အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အခြေအနေအလွန်နိမ့်ပါးလျက်ရှိပါ၏။ အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့ထံမှ ကယ်နုတ်တော်မူပါ။ အကြောင်းမူကား ထိုသူတို့သည် အကျွန်ုပ်ထက် အင်အားကြီးမားကြပါ၏။
အကျွန်ုပ်၏ရန်သူတို့သည် မည်မျှများပြားကြသည်ကိုလည်းကောင်း၊ အကျွန်ုပ်ကို မည်မျှရက်စက်ကြမ်းကြုတ်သော မုန်းတီးမှုဖြင့် မုန်းတီးကြသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံထဲမှထုတ်ဆောင်တော်မူ၍ အကျွန်ုပ်ကို သေတွင်းထဲသို့မဆင်းသွားစေဘဲ ဆက်၍အသက်ရှင်စေတော်မူပြီ။
အကျွန်ုပ်၏ရန်သူတို့သည် သန်မာအားကြီးကြပါ၏။ အကြောင်းမဲ့ အကျွန်ုပ်ကို မုန်းတီးသောသူတို့သည်လည်း များစွာရှိပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်တော်မူပြီ။ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌ အသက်၏အလင်းထဲတွင် လျှောက်လှမ်းနိုင်ရန် အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းနှင့် ကင်းစေတော်မူသည်မဟုတ်လော။
အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နက်ရှိုင်းသောမရဏာနိုင်ငံမှ ကယ်နုတ်တော်မူပြီ။
“ငါသည် အရွယ်ကောင်းချိန်တွင်ပင် မရဏာနိုင်ငံတံခါးရှိရာသို့ သွားရတော့မည်။ ကြွင်းကျန်သော ငါ၏နှစ်လများကို ငါဆုံးရှုံးလိုက်ရလေပြီ။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
ထိုနေရာ၌ ဂျူးလူမျိုးတို့၏စင်ကြယ်ခြင်းဝတ်အတွက် ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်စီဆန့်သော ကျောက်ရေအိုးခြောက်လုံးထားလျက်ရှိ၏။