မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
ဆာလံ 89:6 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။ Common Language Bible အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။ Garrad Bible အာ ကာ သ တွင် ထာ ဝ ရ ဘု ရား နှင့် တု ပြိုင်၍၊ နတ် သား များ တွင် ထာ ဝ ရ ဘု ရား နှင့် မည် သူ တူ သ နည်း။ Judson Bible အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ |
မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
အို ကောင်းကင်သားတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ဘုန်းအသရေနှင့်အစွမ်းသတ္တိသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်ကောင်းကင်တိုင်အောင်ရောက်ပါ၏။ ကြီးမြတ်သောအမှုတို့ကိုပြုတော်မူသော ဘုရားသခင်၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။
ကောင်းကင်ဘုံ၌ ကိုယ်တော်မှတစ်ပါး အကျွန်ုပ်တွင် မည်သူရှိသနည်း။ မြေကြီးပေါ်၌လည်း ကိုယ်တော်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ အကျွန်ုပ်အလိုမရှိပါ။
အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။