သို့ရာတွင် ကိုယ်တော်သည် သူ့ကို ငြင်းပယ်၍စွန့်ပစ်တော်မူပြီ။ ကိုယ်တော်ဘိသိက်ပေးထားသောသူကို အမျက်ထွက်တော်မူပြီ။
သို့ရာတွင်ကိုယ်တော်ရှင်သည် မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။
ယ ခု မှာ မူ၊ ကိုယ် တော် သည် ဘိ သိက် ခံ မင်း ကို အ မျက် တော် ထား လျက်၊
သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက်ထွက်တော်မူပြီ။
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ငြင်းပယ်တော်မူခဲ့သည်မဟုတ်လော။ အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဗိုလ်ခြေတို့နှင့်အတူ မချီတက်ဘဲနေတော်မူမည်လော။
ဘုရားရှင်သည် အစဉ်အမြဲငြင်းပယ်တော်မူမည်လော။ ကိုယ်တော်သည် နောက်တစ်ဖန်ထပ်၍ ကျေးဇူးမပြုဘဲ နေတော်မူမည်လော။
ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဒိုင်းလွှားကိုကြည့်ရှုတော်မူပါ။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏မျက်နှာကို စေ့စေ့ကြည့်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ထိုကဲ့သို့ထိပါးစော်ကားခြင်းအားဖြင့် ကဲ့ရဲ့ပြစ်တင်ကြပါ၏။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏ခြေရာတို့ကို ထိုကဲ့သို့ကဲ့ရဲ့ပြစ်တင်ကြပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ဘုရားရှင်သည် ယဇ်ပလ္လင်ကိုစွန့်ပယ်တော်မူပြီ။ သန့်ရှင်းရာဌာနကို စက်ဆုပ်တော်မူပြီ။ နန်းတော်တံတိုင်းတို့ကိုလည်း ရန်သူ့လက်သို့ အပ်လိုက်တော်မူပြီ။ ရန်သူတို့သည် ပွဲတော်နေ့ကဲ့သို့ပင် ထာဝရဘုရား၏အိမ်တော်၌ ကြွေးကြော်ကြလေပြီ။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား မြင်တော်မူလျှင် မိမိသားသမီးတို့ကို အမျက်ထွက်၍ ပစ်ပယ်တော်မူ၏။