သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
ဆာလံ 89:34 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ပဋိညာဉ်ကိုလည်း ရှုတ်ချမည်မဟုတ်။ ငါ၏နှုတ်ထွက်စကားကိုလည်း ပြောင်းလဲစေမည်မဟုတ်။ Common Language Bible ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။ သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။ Garrad Bible နှုတ် မြွက် ပြီး က တိ တော် ကို ပြောင်း လဲ ခြင်း ပြု မည် မ ဟုတ်။ Judson Bible ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။ |
သို့သော် ငါ့မေတ္တာကရုဏာကို သင့်ရှေ့မှငါဖယ်ရှားလိုက်သောရှောလုထံမှ ရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
ဤအတွက်ကြောင့် ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်ကို ငါချိုးနှိမ်မည်ဖြစ်သော်လည်း အစဉ်အမြဲပြုမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ ငါ့မေတ္တာကရုဏာကို သင့်အလျင်ရှိခဲ့သောရှင်ဘုရင်ထံမှ ငါရုပ်သိမ်းသကဲ့သို့ သူ့ထံမှ ငါရုပ်သိမ်းမည်မဟုတ်။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
“ထာဝရဘုရားက ‘နေ့နှင့်ညတို့ သူ့အချိန်နှင့်သူ ရောက်မလာအောင် နေ့နှင့်ဆိုင်သောပဋိညာဉ်၊ ညနှင့်ဆိုင်သောပဋိညာဉ်ကို သင်တို့ချိုးဖောက်နိုင်လျှင်
ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
“အကယ်စင်စစ် ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်း မရှိ။ ထို့ကြောင့် ယာကုပ်သားမြေးတို့၊ သင်တို့သည် ပျက်စီးခြင်းသို့မရောက်ရကြ။
လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။