ဆာလံ 88:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်ကို အမှောင်ဆုံး၊ အနက်ဆုံး တွင်းနက်ထဲ၌ ချထားတော်မူပြီ။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အမှောင်ဆုံး၊ အနက်ဆုံးသောတွင်းတည်းဟူသောနက်ရှိုင်းရာ သင်္ချိုင်းတွင်းထဲသို့ပစ်ချတော်မူပါပြီ။ Garrad Bible အ ကျွန်ုပ် ကို နက် ရှိုင်း ရာ တွင်း၊ မှောင် ကျ ရာ အ ရပ်၊ သေ ခြင်း အ ရိပ် များ ၌ ချ ထား၍၊ အ မျက် တော် တင် ဖိ ရာ၊ Judson Bible အကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။ |
အကယ်စင်စစ် ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်လံညှဉ်းဆဲပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မြေပြင်အထိချိုးဖဲ့ခြေမွှပါ၏။ အကျွန်ုပ်ကို ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ မှောင်မိုက်သောအရပ်ထဲ၌နေစေပါ၏။
ကိုယ်တော်သည် ကြောက်မက်ဖွယ်သေတွင်းနှင့် ရွှံ့နွံထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူပြီးလျှင် အကျွန်ုပ်၏ခြေကို ကျောက်ပေါ်၌ရပ်စေ၍ အကျွန်ုပ်၏ခြေလှမ်းများကို မြဲမြံစေတော်မူ၏။
ရေလှိုင်းလုံးကြီးသည် အကျွန်ုပ်ကိုမလွှမ်းမိုးပါစေနှင့်။ နက်သောရေသည်လည်း အကျွန်ုပ်ကိုမမျိုပါစေနှင့်။ တွင်းဝသည်လည်း အကျွန်ုပ်အပေါ်၌ ပိတ်မထားပါစေနှင့်။
အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နက်ရှိုင်းသောမရဏာနိုင်ငံမှ ကယ်နုတ်တော်မူပြီ။
ဆိုးယုတ်သောသူတို့၏လမ်းသည် မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် မည်သည့်အရာနှင့်ခလုတ်တိုက်မိသည်ကို မသိကြ။
ကိုယ်တော်သည် ငါ့ကိုနှင်ထုတ်တော်မူပြီ။ အလင်းမရှိသော မှောင်မိုက်၌ သွားလာစေတော်မူပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် တွင်းနက်ထဲမှနေ၍ ကိုယ်တော်၏နာမတော်ကို ဟစ်ခေါ်ပါ၏။
ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။
ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။