ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
ဆာလံ 83:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အင်္ဒေါရအရပ်တွင် ဖျက်ဆီးခြင်းခံရ၍ မြေကြီးပေါ်မှ မြေဆွေးဖြစ်ကြပါပြီ။ Garrad Bible ထို သူ တို့ သည်၊ အင်္ဒေါ ရ အ ရပ် ၌ ပျက် စီး ၍၊ မြေ ဩ ဇာ ဖြစ် ကြ ပါ ပြီ။ Judson Bible ထိုသူတို့သည် အင်္ဒေါရအရပ်၌ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။ |
ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”
ဣသခါနှင့် အာရှာနယ်မြေထဲတွင် မနာရှေရသောအမွေမြေများမှာ ကုန်းမြင့်ဒေသသုံးခုရှိ ဗက်ရှန်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဣဗလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ အင်္ဒေါရမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများဖြစ်သည်။
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။
ကိရှုန်မြစ်၊ ရှေးကတည်းကရှိခဲ့သောမြစ်ဖြစ်သည့်ကိရှုန်မြစ်သည် သူတို့ကို တိုက်ချသွားပြီ။ အို ငါ့ဝိညာဉ်၊ ခွန်အားအပြည့်နှင့်ချီတက်လော့။
သူတို့သည် မိဒျန်လူမျိုးတို့၏အကြီးအကဲနှစ်ဦးဖြစ်သည့် ဩရဘနှင့်ဇေဘကိုဖမ်းဆီးကြ၏။ ဩရဘကို ဩရဘကျောက်ဆောင်၌ သတ်၍ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်း၌ သတ်ပြီးလျှင် မိဒျန်လူမျိုးတို့နောက်သို့လိုက်ကြ၏။ ဩရဘနှင့် ဇေဘတို့၏ဦးခေါင်းကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဂိဒေါင်ထံသို့ယူဆောင်လာကြ၏။
ထိုအခါ ရှောလုမင်းကြီးသည် မိမိအစေအပါးတို့အား “နတ်ကတော်တစ်ဦးကို ရှာပေးပါ။ သူ့ဆီသွားပြီး ငါမေးမြန်းမည်”ဟု ဆိုလျှင် သူ့အစေအပါးတို့က “အင်္ဒေါရမြို့တွင် နတ်ကတော်တစ်ဦးရှိပါ၏”ဟု ဆိုကြ၏။