အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 8:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​တွေ့​မြင်​ရ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ နာ မ တော် သည်၊ မြေ ကြီး တစ် ဝှမ်း လုံး ၌ အ လွန် ထူး မြတ် ပါ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​လွန်​ကြီး​မြတ်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။



ဆာ​လံ 8:9
4 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘုရားသခင်​၏​လျှို့ဝှက်နက်နဲ​သော​အရာ​ကို ရှာတွေ့​နိုင်​မည်လော​။ အနန္တတန်ခိုးရှင်​၏​ပကတိ​အဖြစ်​တော်​ကို တွေ့ရှိ​နိုင်​မည်လော​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။


အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​ဘုန်းကျက်သရေ​ကို ကောင်းကင်​ပေါ်မှာ တည်​စေ​တော်မူ​၏​။


အို ယေရှုရုန်​၊ သင်​၏​ဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​ရန် မိုးကောင်းကင်​ကို​စီးနင်း​တော်မူ​၏​၊ မိမိ​အာနုဘော်​တော်​ဖြင့်​မိုးတိမ်​ကို စီးနင်း​တော်မူ​၏​။