ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
ဆာလံ 78:70 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မိမိ၏အစေအပါးဒါဝိဒ်ကိုရွေးချယ်ပြီး သူ့ကိုသိုးခြံများထဲမှခေါ်ယူတော်မူ၍ Common Language Bible ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။ သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊ ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။ Garrad Bible ကျွန် တော် ရင်း ဒါ ဝိဒ် ကို လည်း ရွေး ကောက် လျက်၊ သိုး ခြံ များ ထဲ က ထုတ် ယူ လျက်၊ Judson Bible ကျွန်တော်မျိုးဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူတော်မူ၏။ |
ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
ထို့ကြောင့် သင့်ကို ဖာရောမင်းကြီးထံသို့ ငါစေလွှတ်၏။ သင်သွား၍ ငါ၏လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ဟု မိန့်တော်မူ၏။