အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
အိ ဂျစ် ပြည် ၌ လ က္ခ ဏာ သက် သေ တော် များ၊ ဇော န လွင် ပြင်၌ အံ့ ဖွယ် တန် ခိုး တော် များ ကို စီ ရင် လျက်၊
အဲဂုတ္တုပြည်၌ လက္ခဏာသက်သေတော်တို့ကိုလည်းကောင်း၊ ဇောနအရပ်၌ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ပြုတော်မူ၏။
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။
ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။