ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါပြုသော အမှုကို မြင်လျက်ပင် ငါ့ကိုစမ်းသပ်၍စစ်ဆေးခဲ့ကြ၏။
ဆာလံ 78:18 - မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။ Common Language Bible သူတို့သည်စားလိုသည့်အစားအစာကို တောင်းဆိုခြင်းအားဖြင့်တမင်သက်သက် ဘုရားသခင်အားသွေးစမ်းကြ၏။ Garrad Bible ကိုယ့် အ လို အ လျောက် အ စား ကို တောင်း ၍၊ စိတ် နှ လုံး ၌ ဘု ရား သ ခင် ကို စုံ စမ်း ကြ သည် မှာ၊ Judson Bible မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ၏။ |
ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါပြုသော အမှုကို မြင်လျက်ပင် ငါ့ကိုစမ်းသပ်၍စစ်ဆေးခဲ့ကြ၏။
ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။
ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သင်တို့သည် မဿာအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အကဲစမ်းသကဲ့သို့ အကဲမစမ်းရ။