အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
ဆာလံ 77:15 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိ၏လူမျိုးတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်၏အမျိုးအနွယ်တို့ကို လက်ရုံးတော်ဖြင့်ရွေးနုတ်တော်မူပြီ။(စေလာ) Common Language Bible ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။ Garrad Bible လူ မျိုး တော် တည်း ဟူ သော ယာ ကုပ် နှင့် ယော သပ်၏ သား မြေး တို့ ကို၊ လက် ရုံး တော် ဖြင့် ရွေး နုတ် တော် မူ ပါ ပြီ ဟူ၍ တည်း။ Judson Bible ကိုယ်တော်၏လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နုတ်တော်မူပြီ။ |
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။
ကိုယ်တော်ရွေးနုတ်တော်မူသောလူမျိုးကို မေတ္တာကရုဏာတော်ဖြင့် ပို့ဆောင်တော်မူ၍ ကိုယ်တော်၏သန့်ရှင်းသောစံမြန်းရာအရပ်သို့ အစွမ်းတန်ခိုးတော်ဖြင့် လမ်းပြတော်မူ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
ဤသို့ဖြင့် ဒံယေလသည် ဒါရိမင်းကြီးလက်ထက်နှင့် ပါးရှားလူမျိုးကုရုမင်းကြီးလက်ထက်တို့တွင် ကောင်းစားလျက်နေ၏။
ငါသည် ထာဝရဘုရားအား ‘အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏တန်ခိုးတော်ဖြင့် ရွေးနုတ်တော်မူသော၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ကို ဖျက်ဆီးတော်မမူပါနှင့်။
အကယ်စင်စစ် ဤသူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ ကိုယ်တော်၏ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည့် ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ဖြစ်ကြပါ၏’ဟု ဆုတောင်းလေ၏။
ထို့နောက် ယောရှုက လူအပေါင်းတို့အား “သင်တို့သည် မိမိကိုယ်မိမိသန့်ရှင်းစေကြလော့။ ထာဝရဘုရားသည် မနက်ဖြန် သင်တို့အလယ်၌ အံ့ဖွယ်အမှုကိုပြုတော်မူမည်”ဟု မှာကြားလေ၏။