ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသောဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အစွမ်းသတ္တိကို လူမျိုးတကာတို့အား သိမြင်စေတော်မူပြီ။
ကိုယ်တော်ရှင်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတတ်သောဘုရား ဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
သို့သော် ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ထင်ရှားစေရန် မိမိ၏နာမတော်ကိုထောက်၍ သူတို့ကိုကယ်တင်တော်မူ၏။
ကြီးမား၍အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာ ပြုတော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
ထာဝရဘုရားသည် လူမျိုးတကာတို့၏မျက်မှောက်၌ မိမိ၏သန့်ရှင်းသောလက်ရုံးတော်ကိုပြတော်မူသဖြင့် မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ရကြလိမ့်မည်။
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။