အို ထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်မတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
ဆာလံ 74:10 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။ Common Language Bible အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။ Garrad Bible အို ဘု ရား သ ခင်၊ ရန် ဘက် ပြု သူ သည်၊ မည် မျှ ကြာ ကဲ့ ရဲ့ ခွင့် ရ ပါ မည် နည်း။ ရန် သူ သည်၊ နာ မ တော် ကို အ စဉ် မ ထီ လေး စား ပြု ခွင့် ရ မည် လော။ Judson Bible အို ဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင် ပြုရပါမည်လော။ |
အို ထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကယ်မတော်မူပါ။ ကိုယ်တော်၏မေတ္တာကရုဏာတော်ကိုထောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။