ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
ဆာလံ 71:3 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အစဉ်မပြတ်ဝင်ရောက်မှီခိုနိုင်သောကျောက်ဆောင်ဖြစ်တော်မူပါ။ အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်အမိန့်ရှိတော်မူပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်နှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်ပါ၏။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ကျောက်တောင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကာကွယ်ရန်အတွက်ခိုင်ခံ့ သည့် ရဲတိုက်ဖြစ်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံသော၊ ကျွန်တော်မျိုးကိုကာကွယ်သောအရှင် ဖြစ်တော်မူပါ၏။ Garrad Bible အ ကျွန်ုပ် အ စဉ် ခို ဝင် ရာ ကျောက် တောင် သ ဖွယ် ဖြစ် တော် မူ ပါ။ အ ကျွန်ုပ် ကျောက် တောင်၊ အ ကျွန်ုပ် ခံ တပ် ဖြစ် တော် မူ သည့် အ လျောက်၊ ကယ် တင် ရန် အ မိန့် ရှိ တော် မူ ခဲ့ ပါ ပြီ။ Judson Bible အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရဲတိုက် ဖြစ်တော်မူ၏။ |
ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
ချီးမွမ်းထိုက်သောထာဝရဘုရားကို ငါခေါ်သောအခါ ငါ့ရန်သူတို့၏လက်မှ ငါ့ကိုကယ်တင်တော်မူ၏။
ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍ ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။ ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
သင်၏ဘုရားသခင်သည် သင်၏အစွမ်းသတ္တိကိုမိန့်မှာတော်မူပြီ။ အို ဘုရားသခင်၊ အကျွန်ုပ်တို့အတွက် ပြုတော်မူသည့်အတိုင်း တန်ခိုးတော်ကိုပြသတော်မူပါ။
ငါသည်လည်း သူ့ကို သားဦးအဖြစ်ခန့်ထား၍ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့တွင် အမြင့်ဆုံးသောအရှင်ဖြစ်စေမည်။
အို ဘုရားရှင်၊ ကိုယ်တော်သည် မျိုးဆက်အစဉ်အဆက် အကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
“ထာဝရဘုရားသည် ငါ၏ခိုလှုံရာဖြစ်တော်မူ၏”ဟု သင်သည်ဆိုလျက် အမြင့်ဆုံးသောအရှင်ကို သင်၏မှီခိုရာဖြစ်စေသောကြောင့်
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။