အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
ဆာလံ 70:1 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။ Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ ၍ မ စ တော် မူ ပါ။ Judson Bible အိုဘုရားသခင်၊ အကျွန်ုပ်ကို နုတ်ယူတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်ကို အလျင်အမြန်ထူးတော်မူပါ။ အကျွန်ုပ်၏ဝိညာဉ်သည် အားအင်ကုန်ခန်းပါပြီ။ အကျွန်ုပ်သည် သေတွင်းထဲသို့ ဆင်းသွားသောသူတို့ကဲ့သို့ မဖြစ်ရပါမည့်အကြောင်း အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။
အကျွန်ုပ်၏စိတ်ဝိညာဉ်ထံသို့ချဉ်းကပ်၍ ရွေးနုတ်တော်မူပါ။ အကျွန်ုပ်၏ရန်သူများကြောင့် အကျွန်ုပ်ကိုရွေးနုတ်ကယ်တင်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။