အကျွန်ုပ်သည် အကျွန်ုပ်၏ညီအစ်ကိုများအတွက် သူစိမ်းဖြစ်သွား၍ အကျွန်ုပ်မိခင်၏သားများအတွက် တစ်ပါးအမျိုးသားဖြစ်သွားပါပြီ။
ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊ မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
ညီ အစ် ကို ချင်း တို့ တွင် သူ စိမ်း၊ အ မိ သား ချင်း တို့ တွင် နိုင် ငံ ခြား သား ဖြစ် နေ ပါ ပြီ။
ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တစ်မိတည်းသော ပေါက်ဖော်တို့တွင်၊ တစ်ကျွန်းတစ်နိုင်ငံသား ဖြစ်ခဲ့ပါပြီ။
အကျွန်ုပ်ကိုရန်ဖက်ပြုသောသူအပေါင်းတို့ကြောင့် အကျွန်ုပ်သည် အထူးသဖြင့် အကျွန်ုပ်၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကျွန်ုပ်၏အသိမိတ်ဆွေများအတွက်လည်း ကြောက်ရွံ့စရာဖြစ်ပါပြီ။ လမ်း၌ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ထိုကဲ့သို့ထိပါးစော်ကားခြင်းအားဖြင့် ကဲ့ရဲ့ပြစ်တင်ကြပါ၏။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏ခြေရာတို့ကို ထိုကဲ့သို့ကဲ့ရဲ့ပြစ်တင်ကြပါ၏။
ထာဝရဘုရားသည် ထာဝရမင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။
အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ ငါတို့၏ဒုက္ခဝေဒနာများကို ထမ်းသွား၏။ ငါတို့မူကား သူ့အား ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရသောသူ၊ ရိုက်နှက်ခြင်းကိုခံရသောသူ၊ နှိပ်စက်ခြင်းကိုခံရသောသူဟု ထင်မှတ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
ထိုသို့ဆိုကြခြင်းမှာ ညီတော်တို့ပင် ကိုယ်တော်ကိုမယုံကြည်ကြသောကြောင့်ဖြစ်၏။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။