အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 69:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​အတွက် ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို​ခံရ​ပါ​၏​။ အသရေပျက်​ခြင်း​သည် အကျွန်ုပ်​၏​မျက်နှာ​ကို ဖုံးလွှမ်း​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​တွက် စော်​ကား​ခြင်း​ကို​ခံ​ရ​ပါ​၏။ အ​လွန်​အ​ရှက်​ကွဲ​ရ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် မူ ကား၊ ကိုယ် တော့် အ တွက် ကဲ့ ရဲ့ ခြင်း၊ အ ရှက် ကွဲ ၍ မျက် နှာ ပျက် ခြင်း ခံ ခဲ့ ရ ပါ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ပါ၏။ အ​ကျွန်ုပ်​မျက်​နှာ​သည် ရှက်​ခြင်း​နှင့် ပြည့်​စုံ​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 69:7
13 ပူးပေါင်းရင်းမြစ်များ  

ကဲ့ရဲ့ပြစ်တင်​သော​သူ​၊ စော်ကားပြောဆို​သော​သူ​များ​၏​အသံ​ကြောင့်​လည်းကောင်း​၊ ရန်သူ​နှင့် လက်တုံ့ပြန်​သူ​ရှိ​နေ​သောကြောင့်​လည်းကောင်း အကျွန်ုပ်​သည် တစ်နေ့လုံး​အသရေပျက်​ရ​ပါ​၏​။ အကျွန်ုပ်​၏​မျက်နှာ​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။


အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏​။


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို​အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သူ​တို့​အား လက်တုံ့ပြန်​ပေး​တော်မူ​ပါ​။ ကိုယ်တော်​သည် စိတ်ရှည်​သည်းခံ​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​ကို အဝေး​သို့​မ​နှင်​လိုက်​ပါ​နှင့်​။ ကိုယ်တော်​ကြောင့် အကျွန်ုပ်​ကဲ့ရဲ့ပြစ်တင်​ခြင်း​ခံရ​ကြောင်း​ကို သိမှတ်​တော်မူ​ပါ​။


ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။