ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍ သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။
ဆာလံ 69:36 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော့်အစေအပါးတို့၏သားမြေးစဉ်ဆက်တို့သည် ထိုအရပ်ကိုအမွေဆက်ခံရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့သည်လည်း ထိုအရပ်၌နေရကြလိမ့်မည်။ Common Language Bible ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။ Garrad Bible ကိုယ် တော့် ကျွန် များ ၏ သား မြေး တို့ လည်း၊ အ ပိုင် ရ လျက်၊ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ နေ ရ ကြ လိမ့် သ တည်း။ Judson Bible ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည်နေရာ ကျရကြလိမ့်မည်။ |
ကိုယ်တော့်အစေအပါးများ၏သားသမီးတို့သည် ဆက်လက်တည်၍ သူတို့၏သားစဉ်မြေးဆက်တို့သည် ကိုယ်တော်၏ရှေ့တော်၌ မြဲမြံကြပါလိမ့်မည်”ဟု လျှောက်ထား၏။
ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရ၍ ၎င်းတွင် ထာဝစဉ်နေထိုင်ရကြလိမ့်မည်။
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
သူတို့၏သားစဉ်မြေးဆက်တို့သည် လူမျိုးခြားတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့၏သားမြေးတို့သည် လူမျိုးတကာတို့တွင် ကျော်ကြားလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထာဝရဘုရားကောင်းချီးကိုခံစားရသောအမျိုးအနွယ်ဟု အသိအမှတ်ပြုကြလိမ့်မည်။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။