အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ဆာလံ 69:33 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် နွမ်းပါးသောသူတို့ကို နားညောင်းတော်မူ၏။ အချုပ်အနှောင်ခံရသောမိမိ၏လူတို့ကိုလည်း မထီမဲ့မြင်ပြုတော်မမူပေ။ Common Language Bible ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ နွမ်း ပါး သူ တို့ လျှောက် ထား ချက် ကို နား ညောင်း လျက်၊ အ ချုပ် ခံ ရ သော လူ မျိုး တော် ကို မ ထီ မဲ့ မြင် ပြု တော် မ မူ။ Judson Bible ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ကိုယ်တော်သည် ခိုကိုးရာမဲ့သောသူတို့၏ ဆုတောင်းချက်ကို ဂရုစိုက်တော်မူ၏။ သူတို့၏ဆုတောင်းချက်ကို မထီမဲ့မြင်ပြုတော်မမူ။
ဤသည်ကား အချုပ်အနှောင်ခံရသောသူတို့၏ ညည်းတွားသံကို နားထောင်ရန်နှင့် သေဘေးရင်ဆိုင်နေရသောသူတို့ကို လွတ်ငြိမ်းခွင့်ပေးရန်အတွက် ဖြစ်ပြီး
အချို့တို့သည် မှောင်မိုက်နှင့်သေခြင်း၏အရိပ်ထဲ၌ ထိုင်နေရသောသူများ၊ ဖိစီးနှိပ်စက်မှုနှင့်သံကြိုး၏ချည်နှောင်ခြင်းကို ခံရသောသူများ ဖြစ်ကြ၏။
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ထာဝရဘုရားကြီးမြတ်တော်မူကြောင်းကို ငါနှင့်အတူဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြစို့။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
ဘုရားသခင်သည် အထီးကျန်သောသူတို့အား အတူနေထိုင်ရန်မိသားစုကိုပေး၍ အချုပ်အနှောင်ခံရသောသူတို့ကို ကောင်းစားရာသို့ပို့ဆောင်တော်မူ၏။ ငြင်းဆန်သောသူတို့မူကား ပူပြင်းခြောက်သွေ့သောအရပ်၌နေထိုင်ကြရ၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊
ထိုအကြောင်းကြောင့် ငါပေါလုသည် သင်တို့လူမျိုးခြားများအတွက် ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားဖြစ်၏။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။