ဆာလံ 69:33 - Common Language Bible33 ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။ အခန်းကိုကြည့်ပါ။Garrad Bible33 ထာ ဝ ရ ဘု ရား သည်၊ နွမ်း ပါး သူ တို့ လျှောက် ထား ချက် ကို နား ညောင်း လျက်၊ အ ချုပ် ခံ ရ သော လူ မျိုး တော် ကို မ ထီ မဲ့ မြင် ပြု တော် မ မူ။ အခန်းကိုကြည့်ပါ။Judson Bible33 ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 အကြောင်းမူကား ထာဝရဘုရားသည် နွမ်းပါးသောသူတို့ကို နားညောင်းတော်မူ၏။ အချုပ်အနှောင်ခံရသောမိမိ၏လူတို့ကိုလည်း မထီမဲ့မြင်ပြုတော်မမူပေ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊