ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ဆာလံ 69:31 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ထိုအမှုကို နွားတည်းဟူသော ချိုနှင့်ခွာများဖြင့်ပြည့်စုံသောနွားထီးထက် နှစ်သက်တော်မူလိမ့်မည်။ Common Language Bible ယင်းသို့ပြုသည်ကိုထာဝရဘုရားသည် နွားပူဇော်သကာထက်ပို၍နှစ်သက်တော် မူလိမ့်မည်။ ထွားကြိုင်းသန်မာသောနွားလားကိုပူဇော် သည်ထက် ပို၍နှစ်သက်တော်မူလိမ့်မည်။ Garrad Bible ဦး ချို နှင့် လည်း ကောင်း၊ ခွာ နှင့် လည်း ကောင်း၊ ပြည့် စုံ သော နွား ပေါက် ထက်၊ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် လွန် ကဲ လိမ့် မည်။ Judson Bible ထာဝရဘုရားသည် ချိုနှင့်လည်းကောင်း၊ ခွာနှင့်လည်းကောင်း ပြည့်စုံသောနွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။ |
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။