အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 69:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​ဒုစရိုက်​အပေါ် ဒုစရိုက်​ကို​ထပ်၍​တိုး​စေ​တော်မူ​ပါ​။ သူ​တို့​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲသို့ ဝင်ရောက်​ခွင့်​မ​ရှိ​ပါစေ​နှင့်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​၏​အ​ပြစ်​ရှိ​သ​မျှ​ကို​စာ​ရင်း​ပြု​၍ မှတ်​သား​ထား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကို သူ​တို့​အား​ခံ​စား​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ တို့ ဒု စ ရိုက်၌၊ ဒု စ ရိုက် ထပ် ဆင့် တော် မူ ၍၊ ဖြောင့် မတ် တော် မူ ခြင်း ကို ဝင် စား ခွင့် မ ရ ပါ စေ နှင့်။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​အ​ပြစ်၌ အ​ပြစ်​ကို​ထပ်၍ ပေး​တော်​မူ​ပါ။ ကု​သိုလ်​တော်​နှင့် မ​ဆိုင်​ကြ​ပါ​စေ​နှင့်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 69:27
23 ပူးပေါင်းရင်းမြစ်များ  

မြို့ရိုး​တည်ဆောက်​သော​သူ​တို့​ကို ပြောင်ပြောင်တင်းတင်း​စော်ကား​ပြောဆို​လေ​ပြီ​ဖြစ်၍ သူ​တို့​ဒုစရိုက်​ကို ဖုံးကွယ်​မ​ထား​ပါ​နှင့်​။ သူ​တို့​အပြစ်​ကို မ​ပယ်ဖျက်​ပါ​နှင့်​”​ဟု ဆုတောင်း​၏​။


သင်​တို့​သည် ဘုရားသခင်​နည်းတူ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​ကြ​သနည်း​။ ငါ့​အသား​ညှဉ်းဆဲ​ခံရ​သည်​ကို​ပင် သင်​တို့​မ​ကျေနပ်​သေး​သလော​။


သူ့​ဘိုးဘေး​တို့​၏​ဒုစရိုက်​သည် ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့​ခြင်း​ခံရ​ပါစေ​။ သူ့​မိခင်​၏​အပြစ်​သည်​လည်း မည်သည့်​အခါ​မျှ ပယ်ဖျက်​ခြင်း​မ​ခံရ​ပါစေ​နှင့်​။


ထို​သူ​သည် ထာဝရဘုရား​ထံ​မှ ကောင်းချီးမင်္ဂလာ​ကို​လည်းကောင်း​၊ သူ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထံမှ ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။


သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန် သူ​တို့​နှလုံးသား​၏​မာကျောမှု​လက်​သို့ ငါ​အပ်​လိုက်​၏​။


ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


သို့ရာတွင် ဖာရော​မင်းကြီး​သည် ဤ​တစ်ကြိမ်​၌​လည်း စိတ်နှလုံး​ခိုင်မာ​ပြန်​၍ အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။


ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


ဆိုးယုတ်​သော​သူ​သည် သနား​ခြင်း​ကို​ခံရ​သော်လည်း ဖြောင့်မတ်​ခြင်း​တရား​ကို မ​သင်ယူ​။ သူ​သည် တရား​သော​ပြည်​၌ မတရား​သဖြင့်​ပြု​လျက် ထာဝရဘုရား​၏​ဘုန်းတန်ခိုး​တော်​ကို မ​မြင်​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။


သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် သူ​တို့​၏​ဒုစရိုက်​ကြောင့် ရန်သူ​တို့​၏​ပြည်​၌ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။ ထိုမျှမက သူ​တို့​သည် ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဘိုးဘေး​တို့​နှင့်အတူ ပျက်စီးပျောက်ကွယ်​သွား​လိမ့်မည်​။


ထိုစဉ် လမ်း​၌ သဖန်းပင်​တစ်​ပင်​ကို​မြင်​၍ ထို​အပင်​ရှိရာ​သို့​ကြွ​တော်မူ​ရာ ၎င်း​တွင် အရွက်​များ​မှလွဲ၍ မည်သည့်​အရာ​ကို​မျှ​မ​တွေ့​သဖြင့် ထို​အပင်​အား“ယခု​မှစ၍ ကာလ​အစဉ်အဆက် သင်​၌​အသီး​မ​သီး​စေ​ရ”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သဖန်းပင်​သည် ချက်ချင်း​ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။


ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။


ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။


သို့ရာတွင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့်​တရား​ကို ရရှိ​ရန်​ကြိုးစား​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တရား​သို့​မ​ပေါက်ရောက်​ကြ။


ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။