ဆာလံ 69:27 - Common Language Bible27 သူတို့၏အပြစ်ရှိသမျှကိုစာရင်းပြု၍ မှတ်သားထားတော်မူပါ။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် ကို သူတို့အားခံစားခွင့်ပေးတော်မမူပါနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible27 သူ တို့ ဒု စ ရိုက်၌၊ ဒု စ ရိုက် ထပ် ဆင့် တော် မူ ၍၊ ဖြောင့် မတ် တော် မူ ခြင်း ကို ဝင် စား ခွင့် မ ရ ပါ စေ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible27 သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သူတို့၏ဒုစရိုက်အပေါ် ဒုစရိုက်ကိုထပ်၍တိုးစေတော်မူပါ။ သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲသို့ ဝင်ရောက်ခွင့်မရှိပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။