အကြောင်းမူကား သူတို့သည် ကိုယ်တော်ဒဏ်ခတ်ထားသောသူကို လိုက်လံညှဉ်းဆဲကြပြီး ကိုယ်တော်ဒဏ်ရာရစေသောသူတို့၏ ဒုက္ခဝေဒနာအကြောင်းကို ပြောဆိုကြပါ၏။
ထိုသူတို့သည်ကိုယ်တော်ရှင်ဒဏ်ခတ်ခဲ့သောသူ တို့ကို နှိပ်စက်ညှဉ်းဆဲကြပါ၏။ ကိုယ်တော်ရှင်ထိခိုက်ဒဏ်ရာရစေခဲ့သော သူတို့ ခံရသည့်ဝေဒနာအကြောင်းကိုပြောဆို ကြပါ၏။
အ သို့ ဆို သော်၊ သူ တို့ သည်၊ ဒဏ် ခတ် တော် မူ ခြင်း ခံ ရ သူ့ ကို လိုက် လံ လျက်၊ ထိ ရှ တော် မူ ခြင်း ခံ ရ သူ တို့ ဝေ ဒ နာ ကို ပြန် ကြား တတ် ကြ ပါ၏။
အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
ငါသွားမည့်လမ်းကိုဖျက်ဆီး၍ ငါ့ကို ပိုပြီးဒုက္ခပေးကြ၏။ သူတို့ကို ဆီးတားမည့်သူ တစ်ယောက်မျှမရှိ။
အကြောင်းမူကား သူသည် မေတ္တာကရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ခဲ့၏။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ ငါတို့၏ဒုက္ခဝေဒနာများကို ထမ်းသွား၏။ ငါတို့မူကား သူ့အား ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရသောသူ၊ ရိုက်နှက်ခြင်းကိုခံရသောသူ၊ နှိပ်စက်ခြင်းကိုခံရသောသူဟု ထင်မှတ်ကြ၏။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက်