လျှော်တေအဝတ်ကို ဝတ်သောအခါ လူတို့အတွက် ပြောစရာဖြစ်လာပါ၏။
ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
လျှော် တေ ဝတ် လျက် ပုံ ခိုင်း ခြင်း ခံ ရ ပါ ပြီ။
လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။
အစ္စရေးလူမျိုးတို့ကို ငါပေးထားသောပြည်ပေါ်မှ ငါဖယ်ရှားပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသောအိမ်တော်ကိုလည်း ငါ့ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။ အစ္စရေးလူမျိုးတို့သည် လူမျိုးတကာတို့အလယ်တွင် ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်ရလိမ့်မည်။
ကိုယ်တော်သည် ငါ့ကို လူတို့ပုံခိုင်းစရာဖြစ်စေပြီ။ ငါ့မျက်နှာကို တံတွေးထွေးစရာဖြစ်စေပြီ။
အကျွန်ုပ်၏ဒူးသည် အစာရှောင်ခြင်းကြောင့် ချည့်နဲ့၍ အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အဆီမရှိသဖြင့် ပိန်ချုံးလျက်ရှိပါ၏။
ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။
ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
လျှော်တေအဝတ်ကိုဝတ်ပြီး ခင်ပွန်းလောင်းအတွက် ငိုကြွေးမြည်တမ်းနေသောအပျိုကညာကဲ့သို့ ငိုကြွေးမြည်တမ်းလော့။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။