ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
ဆာလံ 68:28 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်သည် သင်၏အစွမ်းသတ္တိကိုမိန့်မှာတော်မူပြီ။ အို ဘုရားသခင်၊ အကျွန်ုပ်တို့အတွက် ပြုတော်မူသည့်အတိုင်း တန်ခိုးတော်ကိုပြသတော်မူပါ။ Common Language Bible အို ဘုရားသခင်၊ ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များ ဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှ ကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။ Garrad Bible သင့် ဘု ရား သ ခင် သည်၊ သင့် စွမ်း အား ကို စီ မံ တော် မူ ပါ ပြီ။ အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ အ ဖို့ စီ ရင် တော် မူ ခဲ့ သော အ မှု ကို အ တည် ပြု တော် မူ ပါ။ Judson Bible အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။ |
ထာဝရဘုရားသည် ငါ့အမှုကို ပြီးပြည့်စုံစေတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကို ပစ်ထားတော်မမူပါနှင့်။
ထာဝရဘုရားသည် နေ့အချိန်၌ မိမိ၏မေတ္တာကရုဏာတော်ကို ပြတော်မူသည်ဖြစ်၍ ညအချိန်၌ ငါ့အသက်၏အရှင်၊ ဘုရားသခင်ထံ ငါဆုတောင်း၏။ ကိုယ်တော်အား ချီးမွမ်းသောသီချင်းကို ငါသီဆို၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်၏အောင်ပွဲကိုစီမံတော်မူပါ။
အကျွန်ုပ်အစဉ်မပြတ်ဝင်ရောက်မှီခိုနိုင်သောကျောက်ဆောင်ဖြစ်တော်မူပါ။ အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်အမိန့်ရှိတော်မူပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်နှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်ပါ၏။
ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။