နာမတော်၏ဘုန်းအသရေကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်အား ချီးမွမ်းခြင်းဘုန်းအသရေကို ဆက်သကြလော့။
ဘုန်းအသရေရှိတော်မူသောနာမတော် အကြောင်းကို သီချင်းဆိုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်ကို ထောမနာပြုကြလော့။
နာ မ တော် ဂုဏ် ကို ကျူး ဧ ဖွဲ့ ဆို ကြ လော့။ ဂုဏ် တော် ကို ချီး မွမ်း ထော ပ နာ ပြု ကြ လော့။
နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကိုပြကြလော့။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် လူသားတို့၌ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများအတွက် သူတို့သည် ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြပါစေ။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော့်နာမတော်၏ဘုန်းအသရေတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကိုကယ်နုတ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
ထို့ပြင် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့်ပင်လယ်ထဲ၌လည်းကောင်း ရှိကြသော သတ္တဝါအပေါင်းတို့နှင့် ခပ်သိမ်းသောအရာတို့က “ကောင်းချီးမင်္ဂလာ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် တန်ခိုးအရှိန်အဝါတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော”ဟု ကြွေးကြော်ကြသည်ကို ငါကြားရ၏။