သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ဆာလံ 66:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပိုက်ကွန်ထဲသို့ကျစေ၍ အကျွန်ုပ်တို့၏ကျောပေါ်တွင် ဝန်ထုပ်ကိုတင်တော်မူပြီ။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ထောင်ချောက်တွင်ကျစေတော်မူ၍ လေးလံသောဝန်ကိုထမ်းစေတော်မူပါ၏။ Garrad Bible ကျော ပေါ် မှာ လေး လံ သော ဝန် ကို တင် ခြင်း၊ Judson Bible ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ။ |
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
သူတို့သွားလေရာရာသို့ ငါ့ပိုက်ကွန်ဖြင့် လိုက်အုပ်မည်။ မိုးကောင်းကင်ငှက်ကဲ့သို့ သူတို့ကို ဆွဲချမည်။ သူတို့လူအုပ်ကြီးကို သတိပေးခဲ့သည့်အတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
အို ထာဝရဘုရား၊ သူ၏ဥစ္စာပစ္စည်းကိုကောင်းချီးပေးတော်မူ၍ သူလုပ်ဆောင်သောအမှုကိုလက်ခံတော်မူပါ။ သူ့ကိုဆန့်ကျင်သောသူ၊ သူ့ကိုမုန်းသောသူတို့ ပြန်၍မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။