သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။
အို ဘုရားသခင်၊ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့် သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။
ဘု ရား သ ခင့် ရှေ့ တော်၌ အ စဉ် စံ နေ စေ လျက်၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ စောင့် ထိန်း စေ တော် မူ ပါ။
ဘုရားသခင်ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။
“အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အုပ်စိုးသောဘုရားသခင်ဖြစ်တော်မူ၏’ဟု ဆိုလျက် ကိုယ်တော်၏နာမတော်ကို အစဉ်ချီးမြှောက်ကြပါစေသော။ ကိုယ်တော့်အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါစေသော။
ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် သူ၏ဘုန်းအသရေသည် ကြီးမားလှပါ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို သူ့အားအပ်နှင်းတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်အား သနားစုံမက်ခြင်းကို ချုပ်တည်းတော်မမူပါနှင့်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားသည် အကျွန်ုပ်ကို အစဉ်ကာကွယ်စောင့်ရှောက်ပါစေသော။
ကိုယ်တော်သည် အကျွန်ုပ်၏တည်ကြည်မှုကြောင့် အကျွန်ုပ်ကိုထောက်မတော်မူ၍ ကိုယ်တော်၏ရှေ့တော်၌ အကျွန်ုပ်ကိုအစဉ်အမြဲတည်စေတော်မူ၏။
ကိုယ်တော်၏အလင်းနှင့် ကိုယ်တော်၏သမ္မာတရားကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို ကိုယ်တော်၏ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ ကိုယ်တော်၏ကိန်းဝပ်တော်မူရာ တဲတော်သို့လည်းကောင်း ဦးဆောင်လမ်းပြလျက် ခေါ်ဆောင်သွားကြပါစေသော။
ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
သူသည် ယာကုပ်အမျိုးကို ကာလအစဉ်အဆက်အုပ်ချုပ်လိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်းအဆုံးမရှိ အစဉ်တည်လိမ့်မည်”ဟု မြွက်ဆိုလေ၏။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။