ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယ တို့သည် အာလမုတ်သံစဉ်နှင့်အညီ စောင်းပြားကို တီးရ၏။
ဆာလံ 6:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် ထား၍ အ ကျွန်ုပ် ကို ပဲ့ ပြင် တော် မ မူ ပါ နှင့်။ မ သာ မ ယာ သော စိတ် ရှိ၍ ဆုံး မ တော် မ မူ ပါ နှင့်။ Judson Bible အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက်ထွက်၍ ဆုံးမတော်မမူပါနှင့်။ |
ဇာခရိ၊ အဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယ တို့သည် အာလမုတ်သံစဉ်နှင့်အညီ စောင်းပြားကို တီးရ၏။
မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေယေလ၊ အာဇဇိ တို့သည် ရှေမိနိတ်သံစဉ်နှင့်အညီစောင်းကို တီးရသော ဂီတမှူးများ ဖြစ်ကြ၏။
ထာဝရဘုရားသည် ငါ့ကိုပြင်းထန်စွာပဲ့ပြင်သော်လည်း သေခြင်းလက်သို့ ငါ့ကိုအပ်တော်မမူခဲ့ပေ။
အို ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကြောင်းမူကား ဘုရားဝတ်၌မွေ့လျော်သောသူမရှိတော့ပါ။ သစ္စာရှိသောသူတို့သည်လည်း လူသားတို့ထဲတွင် ပျောက်ကွယ်သွားကြပါပြီ။
ထို့နောက် ကိုယ်တော်သည် မိမိ၏အမျက်တော်ဖြင့် သူတို့ကိုမိန့်တော်မူ၍ မိမိ၏ပြင်းထန်သောအမျက်တော်ဖြင့် သူတို့ကိုထိတ်လန့်စေတော်မူကာ
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။
အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
သင့်ကိုသနားစုံမက်တော်မူသောထာဝရဘုရားက “ဤအမှုသည် နောဧလက်ထက် ရေလွှမ်းမိုးသကဲ့သို့ဖြစ်၏။ နောဧလက်ထက်၌ ရေလွှမ်းမိုးသကဲ့သို့ ကမ္ဘာမြေကြီးကို နောက်တစ်ဖန်ရေမလွှမ်းမိုးရဟု ငါကျိန်ဆိုခဲ့သည့်နည်းတူ သင့်ကိုအမျက်မထွက်၊ အပြစ်တင်ဆုံးမခြင်းလည်းမပြုဟု ငါကျိန်ဆို၏။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ သင်နှင့်အတူ ငါရှိမည်။ သင့်ကို ငါနှင်ထုတ်၍ သင်ရောက်လေရာအရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။