ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
ဆာလံ 59:9 - မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်စောင့်စားပါ၏။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ Garrad Bible အို အ ကျွန်ုပ်၏ စွမ်း အား၊ ဘု ရား သ ခင် သည် အ ကျွန်ပ် ရဲ တိုက် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော် ကို ဖူး မျှော် ပါ မည်။ Judson Bible အို အကျွန်ုပ်အစွမ်းသတ္တိ၊ ကိုယ်တော်ကို မျှော်လင့်ပါမည်။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။ |
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရားရှင်သည် သူတို့ကိုပြက်ရယ်ပြုတော်မူ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ထာဝရဘုရားသည် သင့်ကိုထူးတော်မူပါစေသော။ ယာကုပ်၏ဘုရားသခင်နာမတော်သည် သင့်ကိုလုံခြုံစွာစောင့်ရှောက်ပါစေသော။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
သင်သည် ထာဝရဘုရား၌ပျော်မွေ့ရလိမ့်မည်။ ငါသည်လည်း သင့်အား မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သင့်အဖ ယာကုပ်၏အမွေဥစ္စာနှင့် သင့်ကို ငါကျွေးမွေးမည်။ ဤသို့ ထာဝရဘုရား၏နှုတ်တော်မှ မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]