အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
ဆာလံ 57:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။ Common Language Bible ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။ Garrad Bible က ရု ဏာ တော် သည် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။ Judson Bible အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ |
အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
အို အကျွန်ုပ်၏အစွမ်းသတ္တိ၊ ကိုယ်တော်ကို အကျွန်ုပ်သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်၏ခိုကိုးရာဖြစ်တော်မူ၏။ အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်ဖြစ်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်ကောင်းကင်တိုင်အောင်ရောက်ပါ၏။ ကြီးမြတ်သောအမှုတို့ကိုပြုတော်မူသော ဘုရားသခင်၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။