ကြည့်လော့။ အပြစ်ဒုစရိုက်ပြုသောသူတို့သည် လဲကျသွားကြပြီ။ သူတို့သည် တွန်းချခံရ၍ ပြန်မထနိုင်ကြပါ။
ဆာလံ 56:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုအပြစ်ဒုစရိုက်နှင့်ပင် လွတ်မြောက်ကြမည်လော။ အို ဘုရားသခင်၊ အမျက်တော်အားဖြင့် လူမျိုးတို့ကို နိမ့်ကျစေတော်မူပါ။ Common Language Bible အို ဘုရားသခင်၊ သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။ Garrad Bible ဒု စ ရိုက် အား ဖြင့် လွတ် မြောက် ကြ ပါ မည် လော။ အို ဘု ရား သ ခင်၊ ထို လူ မျိုး တို့ ကို အ မျက် တော် ထား၍ ဖြို လှဲ တော် မူ ပါ။ Judson Bible သူတို့သည် မတရားသောအမှုအားဖြင့် လွှတ်ခြင်းသို့ရောက်ရပါမည်လော။ အိုဘုရားသခင်၊ ထိုလူများတို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။ |
ကြည့်လော့။ အပြစ်ဒုစရိုက်ပြုသောသူတို့သည် လဲကျသွားကြပြီ။ သူတို့သည် တွန်းချခံရ၍ ပြန်မထနိုင်ကြပါ။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
သေခြင်းသည် သူတို့ကို ရုတ်တရက်ဖမ်းပါစေ။ သူတို့သည် မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရပါစေ။ အကြောင်းမူကား မကောင်းမှုတို့သည် သူတို့တည်းခိုနေထိုင်ရာနေရာ သူတို့အလယ်၌ရှိကြ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
အို ဘုရားရှင်၊ သူတို့၏စကားကို ရှုပ်ထွေးကွဲပြားစေတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်မှု၊ ခိုက်ရန်ဖြစ်ပွားမှုကို တွေ့မြင်ရပါ၏။
အကျွန်ုပ်၌ ဒုစရိုက်မရှိဘဲလျက် သူတို့သည် ပြေးလာ၍ အသင့်ပြင်ထားကြပါ၏။ အကျွန်ုပ်ကိုမစရန် နိုးကြွ၍ကြည့်ရှုတော်မူပါ။
လေကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။