ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ဆာလံ 56:3 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ Common Language Bible အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။ Garrad Bible အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ Judson Bible အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ |
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
ထိုနေ့မှစ၍ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှထွက်ပြေးပြီး ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ရောက်လာ၏။
ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။