များစွာသောသူတို့သည် ငါ့ကိုဆန့်ကျင်ကြသော်လည်း ကိုယ်တော်သည် ငါရင်ဆိုင်ရသောစစ်မက်ထဲမှ ငါ၏စိတ်ဝိညာဉ်ကို ဘေးကင်းစွာ ရွေးနုတ်ကယ်တင်တော်မူ၏။
ဤမျှများလှသောရန်သူတို့နှင့် တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
တိုက် လှန် သူ များ လှ သော် လည်း၊ စစ် ရေး တွင် ပင်၊ ငါ့ အ သက် ကို ရန် ရှင်း စွာ ရွေး နုတ် တော် မူ လေ ပြီ။
ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနုတ်၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌နေသောသူ အများရှိကြ၏။
အဟိမတ်ကလည်း ရှင်ဘုရင်အား “ချမ်းမြေ့ပါစေ”ဟု နှုတ်ခွန်းဆက်သပြီးလျှင် ရှင်ဘုရင်ရှေ့ မြေပေါ်တွင်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူတို့အား ရှုံးနိမ့်စေတော်မူသော အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု လျှောက်လေ၏။
ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
သူ့သခင်ကလည်း “မကြောက်ရွံ့နှင့်။ ငါတို့နှင့်အတူရှိသောသူသည် သူတို့၌ရှိသောလူထက်သာ၍များ၏”ဟု ပြန်ပြော၏။
အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံးနင်းချေကြပါ၏။ အမှန်စင်စစ် များစွာသောသူတို့သည် ထောင်လွှားသောစိတ်ဖြင့် အကျွန်ုပ်ကိုတိုက်ခိုက်ကြပါ၏။
ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။
သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။