ဆာလံ 55:17 - မြန်မာ့စံမီသမ္မာကျမ်း17 နေဝင်ချိန်၊ နံနက်ချိန်၊ မွန်းတည့်ချိန်တွင် ငါသည် ညည်းတွားပြောဆိုလျက် အော်ဟစ်မြည်တမ်းသောအခါ ကိုယ်တော်သည် ငါ၏အသံကိုကြားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ညဉ့်ဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည်ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။