အို ပျက်စီးခြင်းသို့ရောက်မည့် ဘေဘီလုံ၏သမီး၊ ငါတို့အပေါ် သင်ပြုခဲ့သည့်အတိုင်း သင်၌ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၏။
ဆာလံ 54:5 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ Common Language Bible ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။ Garrad Bible ငါ့ ရန် သူ တို့ အား မ ကောင်း ကျိုး ဆပ် ပေး၍၊ သ စ္စာ တော် အား ဖြင့် ပယ် ရှား တော် မူ ပါ။ Judson Bible ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။ |
အို ပျက်စီးခြင်းသို့ရောက်မည့် ဘေဘီလုံ၏သမီး၊ ငါတို့အပေါ် သင်ပြုခဲ့သည့်အတိုင်း သင်၌ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး ဖြစ်သောကြောင့် ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်၏ရန်သူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရန်ဖက်ပြုသောသူအားလုံးကိုလည်း ဖျက်ဆီးတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာစောင့်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ မာန်မာနဖြင့်ပြုမူသောသူတို့ကိုမူကား မလျှော့မပေါ့အပြစ်ပေးတော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
အို ဘုရားသခင်၊ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ထကြွကြပါ၏။ ကြမ်းကြုတ်သောလူတစ်စုသည်လည်း အကျွန်ုပ်၏အသက်ကို ရန်ရှာကြပါ၏။ သူတို့သည် ကိုယ်တော်ကို ဦးထိပ်ထားခြင်းမရှိကြပါ။
အို ဘုရားရှင်၊ ဒါဝိဒ်အား ကိုယ်တော်၏သစ္စာတော်ဖြင့် ကျိန်ဆိုထားတော်မူသော ကိုယ်တော်၏ရှေးဦးမေတ္တာကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။
ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍ သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။