ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
ဆာလံ 52:3 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ကောင်းမှုထက် မကောင်းမှုကိုလည်းကောင်း၊ ဖြောင့်မတ်စွာပြောဆိုခြင်းထက် မုသားပြောဆိုခြင်းကိုလည်းကောင်း နှစ်သက်၏။(စေလာ) Common Language Bible သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊ သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။ Garrad Bible သင် သည်၊ ကောင်း မှု ထက် မ ကောင်း မှု ကို လည်း ကောင်း၊ ဖြောင့် မတ် သော စ ကား ထက် မု သာ ကို လည်း ကောင်း၊ နှစ် သက် တတ် ၏။ Judson Bible သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။ |
ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
ဆိုးယုတ်သောသူ၏စိတ်ဝိညာဉ်သည် မကောင်းမှုကို တောင့်တတတ်၏။ သူ၏အိမ်နီးချင်းသည် သူ့မျက်ဝန်း၌ သနားတတ်သောသဘောကိုရှာမတွေ့။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။
သို့သော် သင်တို့သည် ကောင်းသောအရာကိုမုန်း၍ မကောင်းသောအရာကိုနှစ်သက်ကြ၏။ သူတစ်ပါးကိုယ်မှအရေခွံကိုနွှာ၍ အရိုးမှအသားကိုနွှင်ယူကြ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။
သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။