ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဇိအုန်ကိုကောင်းစားစေတော်မူပါ။ ဂျေရုဆလင်မြို့ရိုးတို့ကို တည်ဆောက်တော်မူပါ။
အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
စိတ် စေ တ နာ တော် နှင့် ဇိ အုန် မြို့ ကို ကျေး ဇူး ပြု လျက်၊ ယေ ရု ရှ လင် မြို့ ရိုး များ ကို တည် တော် မူ ပါ။
စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ။ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။
ထို့နောက်မှ ငါက “ငါတို့ခံရသောဒုက္ခကို သင်တို့တွေ့ပြီလော။ ဂျေရုဆလင်မြို့လည်း ပျက်စီးပြီ။ မြို့တံခါးများလည်း မီးလောင်ကျွမ်းပြီ။ လာကြ။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချမခံရအောင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြစို့”ဟု သူတို့အား ဆို၏။
အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကို ပြန်လည်တည်ဆောက်၍ မိမိ၏ဘုန်းအသရေတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို တည်ဆောက်၍ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးကို စုဝေးစေတော်မူ၏။
အို ဘုရားသခင်၊ အစ္စရေးလူမျိုးကို ခပ်သိမ်းသောဆင်းရဲဒုက္ခထဲမှ ရွေးနုတ်ကယ်တင်တော်မူပါ။
ထိုအခါ အကျွန်ုပ်က “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း အကျွန်ုပ်လာပါပြီ။
အကယ်စင်စစ် ဘုရားသခင်သည် ဇိအုန်ကိုကယ်တင်၍ ယုဒပြည်ရှိမြို့များကို ပြန်လည်တည်ဆောက်တော်မူလိမ့်မည်။ ထိုအခါ သူတို့သည် ထိုအရပ်တွင်နေထိုင်လျက် ၎င်းကိုပိုင်ဆိုင်ကြလိမ့်မည်။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
ဓားဘေးမှ လွတ်မြောက်သောသူတို့၊ ထွက်သွားကြ။ ရပ်မနေကြနှင့်။ ထာဝရဘုရားကို အဝေးမှအောက်မေ့ကြ။ ဂျေရုဆလင်မြို့ကို သတိရကြ။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။
ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို နှစ်သက်တော်မူမည်လော။ ငါကျူးလွန်သောအပြစ်အတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ထဲ၌ ပြုသောအပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော။
သင့်မြို့ရိုး တည်ဆောက်ရသောနေ့ ရောက်လိမ့်မည်။ ထိုနေ့တွင် သင့်နယ်မြေ ကျယ်ဝန်းလာလိမ့်မည်။
ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏။
ခရစ်တော်၌ကြံရွယ်ထားသည့် အလိုတော်၏လျှို့ဝှက်နက်နဲသောအရာကို မိမိစေတနာတော်အတိုင်း ငါတို့အားသိစေတော်မူ၏။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။