ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
ဆာလံ 51:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သော ရွှင်မြူးခြင်းကို အကျွန်ုပ်အား ပြန်လည်ခံစားစေ၍ စေတနာထက်သန်သောဝိညာဉ်တော်ဖြင့် အကျွန်ုပ်ကို ထောက်မတော်မူပါ။ Common Language Bible ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကို ကျွန်တော်မျိုးအားပေးသနားတော်မူပါ။ ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။ Garrad Bible ကယ် တင် တော် မူ ရာ သု ခ ကို ရ ပြန် စေ လျက်၊ စေ တ နာ စိတ် အ လျောက် ထောက် မ တော် မူ ပါ။ Judson Bible ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။ |
ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ မည်သည့်အပြစ်ဒုစရိုက်မျှ အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။
သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းပါမည်။
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
အို ထာဝရဘုရား၊ ဘုရင်မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိ၌ ဝမ်းမြောက်၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ အလွန်ရွှင်လန်းပါ၏။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
ထိုအခါ ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ရွှင်လန်း၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်မြူးလိမ့်မည်။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်၏။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော