အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
ဆာလံ 5:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏ညည်းညူသံကို သတိပြုတော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ မြွက် ဆို ချက် ကို နား ညောင်း ၍၊ စဉ်း စား ချက် ကို လည်း ထောက် ရှု တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ။ |
အို ထာဝရဘုရား၊ ဖြောင့်မတ်သောလျှောက်လဲချက်ကိုနားညောင်း၍ အကျွန်ုပ်၏ဟစ်ကြော်သံကို အာရုံစိုက်နားထောင်တော်မူပါ။ လိမ်လည်လှည့်ဖြားခြင်းမရှိသော အကျွန်ုပ်၏နှုတ်မှဆုတောင်းချက်ကို စူးစိုက်နားထောင်တော်မူပါ။
အကျွန်ုပ်၏ကျောက်ဆောင်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောအရှင် အို ထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ထွက်စကားများနှင့် အကျွန်ုပ်စိတ်နှလုံး၏အတွေးအကြံသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။
အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏နှုတ်ထွက်စကားတို့ကို စူးစိုက်နားထောင်တော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်၏ညည်းတွားသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အသက်ကို ရန်သူ၏ကြောက်မက်ဖွယ်ဘေးမှ ကာကွယ်တော်မူပါ။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
အို ထာဝရဘုရား၊ ဂရုစိုက်နားထောင်လျက် အကျွန်ုပ်ကိုထူးတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူ ဖြစ်ပါ၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၍ သူတို့၏ဆုတောင်းသံကိုနားညောင်းတော်မူ၏။ သို့သော် မကောင်းသောအမှုကိုပြုသောသူတို့ထံမှ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။
ဟန္နသည် စိတ်ထဲ၌ဆုတောင်းနေသောကြောင့် နှုတ်ခမ်းသာလှုပ်ပြီး အသံမထွက်။ ထို့ကြောင့် ဧလိက ဟန္န ယစ်မူးနေသည်ဟု ထင်၍
သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော်