Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 5:1 - Common Language Bible

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​မြွက်​ဆို​ချက်​ကို​နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​မြည်​တမ်း​သံ​များ​ကို​ကြား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ မြွက် ဆို ချက် ကို နား ညောင်း ၍၊ စဉ်း စား ချက် ကို လည်း ထောက် ရှု တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​ကို​နား​ထောင်​တော်​မူ၍၊ အ​ကျွန်ုပ်​မြည်​တမ်း​ခြင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စကား​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​ညည်းညူသံ​ကို သတိပြု​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 5:1
12 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။


ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။


ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထနာ​ကို ကြား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တောင်း​လျှောက်​သော​စကား​တို့​ကို နား​ထောင်​တော်​မူ​ပါ။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တော် ကြီး၊ ကျွန်​တော်​မျိုး​တို့​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ သိုး​စု​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​တို့​လျှောက်​ထား​ချက်​ကို နား​ညောင်း​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​ရုပ်​အ​ထက်​စံ​တော်​မူ​သော​အ​ရှင်၊


ကျွန်​တော်​မျိုး​သည်​အင်​အား​ချိ​နဲ့​လျက်​ခို​ကိုး​ရာ​မဲ့ ဖြစ်​၍​နေ​ပါ​၏။ ထို့​ကြောင့် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​လျှောက်​ထား​သည်​ကို​နား​ထောင်​တော် မူ​၍ ဖြေ​ကြား​တော်​မူ​ပါ။


ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''


ဟန္န​သည်​ဆိတ်​ဆိတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​နေ သ​ဖြင့် သူ​၏​နှုတ်​ခမ်း​တို့​သည်​လှုပ်​ရှား​လျက်​ရှိ သော်​လည်း​အ​သံ​ကား​မ​ထွက်။ သို့​ဖြစ်​၍​သူ့ အား​အ​ရက်​မူး​သည်​ဟု​ထင်​မှတ်​သ​ဖြင့်၊-


ကျွန်​မ​အား​တန်​ဖိုး​မ​ရှိ​သည့်​မိန်း​မ​ဟု​မ​ထင် မှတ်​ပါ​နှင့်။ ကျွန်​မ​သည်​အ​လွန်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​သ​ဖြင့် ဤ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ ခြင်း​ဖြစ်​ပါ​၏'' ဟု​ပြန်​၍​လျှောက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ