ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ဆာလံ 48:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် တာရှုသင်္ဘောတို့ကို အရှေ့လေဖြင့်ကျိုးပဲ့စေတော်မူ၏။ Garrad Bible တာ ရှု မြို့ သွား သင်္ဘော များ ကို၊ အ ရှေ့ လေ နှင့် တိုက် ဖျက် တော် မူ ၏။ Judson Bible တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ဖြစ်ကြ၏။ |
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။
တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။
ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့တွင် ကွဲလွင့်စေမည်။ သူတို့ဘေးဒုက္ခရောက်သောနေ့၌ သူတို့ကို မျက်နှာမပြ၊ ကျောခိုင်းထားမည်”ဟု မိန့်တော်မူ၏။