ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
ဆာလံ 47:6 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။ ငါတို့၏ရှင်ဘုရင်ကို သီဆိုချီးမွမ်းကြလော့။ သီဆိုချီးမွမ်းကြလော့။ Common Language Bible ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။ Garrad Bible ဘု ရား သ ခင် အား ကျူး ဧ ဖွဲ့ ဆို လျက်၊ ငါ တို့ ဘု ရင် မင်း မြတ် အား ကျူး ဧ ဖွဲ့ ဆို ကြ လော့။ Judson Bible ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ |
ဤသို့ဖြင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်သံနှင့်အတူ တံပိုးခရာများ၊ လင်းကွင်းများ၊ စောင်းကောက်၊ စောင်းပြားများကို တီးမှုတ်လျက် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
အကြောင်းမူကား အကျွန်ုပ်တို့၏ဒိုင်းလွှားသည် ထာဝရဘုရား၏ပိုင်ဆိုင်တော်မူရာဖြစ်၏။ အကျွန်ုပ်တို့၏ရှင်ဘုရင်သည်လည်း အစ္စရေး၏သန့်ရှင်းသောအရှင်၏ ပိုင်ဆိုင်တော်မူရာဖြစ်၏။
ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။